The District Coffee Lounge (Yankin Branch)

ကော်ဖီဆိုင်ဆိုရင် အေးဆေးထိုင်သောက်လို့ရတဲ့ နေရာလေးဖြစ်ရမယ်၊ Date ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ချိန်းပြီးစာလုပ်ဖို့ဖြစ်ဖြစ်၊ သက်တောင့်သက်သာဖြစ်ပြီး ဈေးနှုန်းသက်သာတဲ့ဆိုင်ဖြစ်ရမယ်၊ တချို့ဓါတ်ပုံရိုက်ဝါသနာပါသူတွေအတွက် ဆိုင်အသစ်လေးဖြစ်ရင် ပိုကောင်းတာပေါ့ဆိုတဲ့ ကောင်မလေးတွေအတွက် ဆိုင်ဖွင့်တာမှ (၃)ပါတ်ဘဲရှိသေးတဲ့ The District Coffee Lounge (Yankin Branch) လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

District ဆို ကော်ဖီချစ်သူတွေတိုင်းသိပြီးသားမို့ ကော်ဖီအရသာတွေရော မုန့်တွေရော ပြောစရာမလိုအောင်ကောင်းပြီးသားပါ။ ဒီဆိုင်လေးက သစ်ပင်လေးတွေနဲ့ အပြင်မှာ အေးဆေးကော်ဖီထိုင်သောက်လို့ရသလို၊ အထဲမှာဘဲ အဲကွန်းလေးနဲ့ အေးဆေးသောက်မယ်ဆိုလည်းရပါတယ်။

ဆိုင်က (၂)ထပ်ရှိလို့ ကျယ်ကျယ်၀န်းကျယ်၀န်း၀န်းရှိလှပါတယ်။ နေ့လည်ဆိုလူများလို့၊ မနက်အစောပိုင်း လောက်ဆို လူပါးပါတယ်။

အားလုံးသိချင်နေမယ့် menu လေးလာပါပြီ။ ဈေးမကြီးပါဘူးနော်။

အစားအသောက်တွေအကုန်လုံးကတော့ ပြောစရာကိုမလိုလောက်အောင် အရသာရှိလှပါတယ်။

Wifi ကို (၃)နာရီအထိ Free အသုံးပြုနိုင်ပြီး နောက်ထပ်ဆက်သုံးချင် menu ကနေ တစ်ခုခုတော့ ထပ်မှာပေါ့နော် 😃……..

ဒီဆိုင်ကကျွန်မအကြိုက်ဆုံးဆိုင်တွေထဲက တစ်ခုပါ။ လူနည်းတာကြိုက်ရင်တော့ စောစောသွားပါလို့ အကြံပြုချင်ပါတယ်။

ဆိုင်ဖွင့်ချိန်ကတော့ မနက် (၇:၃၀)-ည (၇:၃၀) အထိ၊ လိပ်စာကတော့ ရန်ကင်းမြို့နယ်၊ 6B သုခ၀တီလမ်း၊ ရွှေလီအကားကင်ဆိုင်အနီးမှာတည်ရှိပါတယ်။

ဆိုင်ကအသစ်မို့ Google Map မှာတောင် မရှိသေးပေမယ့်၊ လူတွေလာတာခြိမ့်ခြိမ့်သဲဘဲ၊ သူနဲ့မျက်နှာချင်းဆိုင်မှာရှိတဲ့ Crisp လမ်းညွှန်အတိုင်းလာရင် တွေ့ပါလိမ့်မယ်။ 👇🏻👇🏻👇🏻👇🏻👇🏻👇🏻

http://Crispi Chicken
https://maps.app.goo.gl/51CgXSa5oqqfbK3RA

Leave a comment

Design a site like this with WordPress.com
Get started