Skin Tone နှင့် လိုက်ဖက်သော အရောင်များ

“၀တ်သမျှ ပြင်သမျှ အရောင်မထွက်ဘူး” “မိတ်ကပ်က ပြာနှမ်းနေတာဘဲ လည်ပင်းနဲ့တခြားဆီ” “ဆံပင်ဆိုးပြီးမှ အသားပိုမည်းသွားသလို” ဘဲဆိုတာ တကယ်တော့ ကိုယ့် Skin tone နဲ့ မလိုက်ဖက်တဲ့အရောင်ကို ရွေးချယ်မိလို့ပါ။

Skin tone ဆို အသားဖြူ/ ဝါ/ မည်းလို့ လူတိုင်း သိကြပါတယ်။
အဓိကအကြမ်းဖျင်းခွဲရင်တော့ Cool tone/ Warm tone/ Neutral tone ဆိုပြီး (၃)မျိုး ရှိပါတယ်။

ကိုယ့် skin tone ကို ဘယ်လိုသိနိုင်မလဲဆို ချက်ခြင်းစစ်လို့ရတဲ့နည်းက လက်ကောက်၀တ်က သွေးကြောကိုကြည့်ခြင်းပါ။
လက်ကောက်၀တ်သွေးကြောက အပြာ သို့မဟုတ် ခရမ်းဆို Cool skin tone ပါ။
အစိမ်းဆိုရင်တော့ Warm skin tone၊
ခရမ်းရော အစိမ်းရော ရောနေမယ်၊ စိမ်းပြာလို အရောင်စပ်စပ်ဆို Neutral tone ပါ။

နောက်တစ်နည်းစမ်းသပ်လို့ရတာက လက်၀တ်ရတနာနဲ့ပါ။
Cool tone တွေက Platinum၊ ရွှေဖြူတို့နဲ့ပိုလိုက်ပြီး၊ warm tone ကတော့ ရွှေအဝါရောင်နဲ့ပိုလိုက်ဖက်ပါတယ်။
Neutral ကတော့ ကံအကောင်းဆုံးပါ။ ဘာအရောင်နဲ့ဖြစ်ဖြစ်၀တ်လို့လိုက်ဖက်ပါတယ်။

အခြေခံအသားရောင်အနေနဲ့ဆို Cool tone တွေက ပန်းရောင်ဘက်သွားပြီး၊ Warm tone က ဝါ၀င်းတဲ့ဘက်သွားပါတယ်။ Neutral tone တွေက ကြားနေအရောင်မှာရှိပါတယ်။

ဒါ့ကြောင့်မို့ မိန်းကလေးတွေ သတိထားသင့်တာ မိတ်ကပ်ကိုမျက်နှာလင်းစေတဲ့အရောင်အပြင် ကိုယ့်ရဲ့ tone နဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ဖို့လိုပါတယ်။ ပါးနီ၊ နှုတ်ခမ်းနီရောပေါ့။
Foundationမိတ်ကပ်အောက်ခံအရောင်၊ အပေါ်ကထပ်ဖို့ဖို့ အရောင်မရွေးတတ်ရင် လိမ်းလိုက်တာနဲ့ ကိုယ့်အသားအရည်အရောင်နဲ့ တစ်ထပ်တည်းဖြစ်သွားစေမယ့် Translucent color ရှိလားလို့ ဆိုင်မှာ မ၀ယ်ခင်မေးပါ။ ဖွေးချင်ဇောအားနဲ့ ကိုယ့် skin toneနဲ့ မလိုက်တဲ့အရောင် ရွေးရင် မလိုက်ဖက်တဲ့အပြင် ပင်ကိုအလှကို မှေးမှိန်သွားစေပါတယ်။

ကျွန်မရဲ့ skin ကတော့ cool tone ပါ ဒါ့ကြောင့် နေပူထဲကြာရင် နီရဲတာဖြစ်လွယ်တဲ့သူထဲလည်းပါပါတယ်။

စာဖတ်သူတို့ရော ဘာ skin tone ကို ပိုင်ဆိုင်ထားပါသလဲရှင်?

ကိုယ့် skin tone နဲ့ လိုက်ဖက်မယ့်မိတ်ကပ်၊ ဆံပင်၊ အရောင်ကာလာတွေကို ဂူးဂဲကနေ အချို့ကို မှီငြမ်းပြီး ပြလိုက်ပါတယ်ရှင်။

Leave a comment

Design a site like this with WordPress.com
Get started