ယောဂ နဲ့ Glow Skin

💐အလှအပအတွက် ခဏကိုယ်အစိတ်အပိုင်းမှာ ဘယ်အပိုင်းက အရေးအပါဆုံးလဲမေးရင် အရည်ပြားလို့ဘဲဖြေမိမယ်ထင်တယ်…….

🤍 အသားအရည်လေးက ကြည်လင်၀င်းမွတ်နေရင် ဘာအကျီ၀တ်”၊ ပိန်” ၀” အဟန့်ရှိတော့ ကိုယ်ရောင်တောက်ပနေသလိုဘဲ…….

💆🏻‍♀️အသားဖြူချင်တယ်၊ လှချင်တယ် ဘာလူးရင်ကောင်းမလဲ၊ ဘာ Skin Care သုံးရမလဲလို့ လာမေးတဲ့ညီမလေးတွေကို အကောင်းဆုံး ရိုးရှင်းတဲ့နည်းလမ်းပေးချင်လို့ပါ။

⛹🏻‍♀️(၁) အစားအသောက် (၂) အိပ်ရေး (၃) ဖြည့်စွက်စာ (၄) Skin Care (၅) လေ့ကျင့်ခန်းလိုက်စားခြင်း

အဲ့ဒီ (၅)ချက်နဲ့ပြည့်စုံတဲ့သူတွေမှာ ပြီးပြည့်စုံတဲ့ အသားအရည်ပိုင်ဆိုင်ထားတာကို လေ့လာတွေ့ရှိရပါတယ်။

🏋🏻‍♂️ Gym/ လေ့ကျင့်ခန်းလိုက်စားတဲ့သူတွေကို ကြည့်”ပါ၊ ထင်ရှားနေတဲ့ ကြွက်သားအပြင်၊ ကြည်လင်နေတဲ့အသားအရည်ကိုလည်း ပိုင်ဆိုင်ထားကြတယ်။ အသားမဖြူတောင်မှ သလင်းကျောက်လိုလင်းနေသလိုမျိုး၊ သာမန်လူတွေကြားထဲထင်းနေတတ်ပါတယ်။…..

🏃🏻‍♀️လေ့ကျင့်ခန်းလုပ်တော့ ချွေးပုပ်တွေထွက်တယ်၊ ကိုယ်တွင်းကလီစာတွေလည်းကျန်းမာတော့ စားသမျှ အဟာရဖြစ်၊ ဖြည့်စွက်စာတွေသောက်သမျှလည်း ခန္ဓာကိုယ်ကပိုစုပ်ယူနိုင်တယ်။ ဒီတော့ အသားအရည်က ကျန်းမာကြံ့ခိုင်လာတယ်။

💊ဆေးသောက်ရမလားမေးကြတော့၊ ဆရာ၀န်မဟုတ်လို့ မညွှန်းရဲဘူး၊ Gluta ကသောက်ရင်လည်း အနည်းနဲ့အများကျောက်ကပ်ကိုထိခိုက်တယ်၊ ခန္ဓာကိုယ်က ဘေးကင်းစွာ စုပ်ယူနိုင်ပြီး တကယ်ဖြူ/ မဖြူကိုလည်း ဆေးပညာရှင်အချို့အခုထိငြင်းခုံဆဲပါလို့ စာထဲမှာဖတ်ရတယ်။

🧘🏻လူ့ခန္ဓာကိုယ်က အလိုအလျောက် Glutathioneထုတ်ပေးနိုင်တဲ့စနစ်ရှိလို့၊ ‌ထိရောက်တဲ့လေ့ကျင့်ခန်းတွေပုံမှန်လုပ်ပေးရင် သိသိသာသာ ကြည်လင်တဲ့အသားအရည်ကို ပိုင်ဆိုင်လာမယ့်အပြင် အသားအရည်လည်းလှလာမှာပါ။

💁🏻‍♀️လွယ်ကူရိုးရှင်းတဲ့ ယောဂ Pose လေးတွေကို တွဲပြပေးလိုက်ပါတယ်။ ကိုယ်လုပ်နေကျ လေ့ကျင့်ခန်းတွေကြားထဲ ညှပ်လုပ်လို့ရတာပေါ့နော်။ ကိုယ်တိုင်လည်းလုပ်နေတာ…….

ဆေးသောက်တာ၊ မတည့်တာတွေလိမ်းမိမယ့်အစား၊ လေ့ကျင့်ခန်းက ပိုထိရောက်နိုင်ပါတယ် လို့စ်…..

One response to “ယောဂ နဲ့ Glow Skin”

  1. Yogaaaaaa

    Like

Leave a comment

Design a site like this with WordPress.com
Get started