Youtheory Collagen Review

Collagen သောက်မယ်ဆိုရင် ဘယ်လိုအားသာချက်တွေကို အဓိကပေးပြီးသောက်ချင်တာပါသလဲ?

အသက်အရွယ်အလိုက် တစ်နေ့ဘယ်လောက် ပမာဏသုံးစွဲသင့်ပါသလဲ? ဆိုတဲ့အချက်တွေကို အဓိကထားပြီး စဉ်းစားသင့်ပါတယ်။

Collagen မှာ အခြေခံအားဖြင့် Type I, II, III ဆိုပြီးရှိပြီး V နဲ့ X တောင်ထပ်ရှိသေးတယ်လို့လည်း စာစောင်တစ်ခုမှာဖတ်ဖူးပါတယ်။

များသောအားဖြင့်လက်ရှိဈေးကွက်ထဲကဆေးတွေဟာ Type I, II, III အတွက်ထုတ်တာများပါတယ်။

Type I – အရေးအကြောင်းလျှော့ချ‌ပေးခြင်း၊ အသားအရည်ကျုံ့ဆန်ုနိုင်မှုတိုးမြှင့်‌ပေးခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးခြင်း၊ လက်သည်းခြေသည်းနဲ့ ဆံပင်ကိုသန်မာလာစေခြင်း၊ ကြွက်သားဖြစ်ပေါ်မှုအထောက်အပံ့ပေးခြင်း။

Type II – အရိုးအဆစ်၊ အရွတ်ကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း၊ မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း။

Type III – အူလမ်းကြောင်း၊ အသားအရည်နဲ့ အရိုး၊ ကြွက်သား၊ သွေးကြောကျန်းမာရေးအတွက်ဆိုပြီး ထုတ်လုပ်ကြပါတယ်။

Collagen က ဖြည့်စွက်စာဖြစ်ပြီးတော့ နေ့စဉ်သောက်နေတဲ့အားဆေးတွေမှာ ပါခဲတယ်။ အသက်အရွယ်အလိုက်လိုအပ်သလိုမှီဝဲရတဲ့ဓါတ်စာတစ်မျိုးပေါ့။
Collagen ကို အမဲသား၊ ၀က်၊ ငါးအစရှိတာကနေထုတ်ပါတယ်တဲ့။

အမှုန့်၊ အရည်၊ ဂျယ်လီ Type မျိုးစုံလာပေမယ့် ကျွန်မကတော့ အလုံးကိုပိုကြိုက်တယ်၊ အချိန်ကုန် အလုပ်ရှုပ်သက်သာလို့

ကျွန်မအခုလက်ရှိသောက်နေတာကတော့ Youtheory Collagen +Biotin ပါ။ သူက Type I, II, III အကုန်လုံးပါလို့ကြိုက်တာ…..

American နိုင်ငံကထုတ်ပြီး၊ အလုံး(၃၉၀)ပါပါတယ်။

ဆေးတစ်လုံးမှာ Collagen 1000 mg, Vitamin C 90 mg နဲ့ Biotin 3000 mcg ပါ၀င်လို့ Vitamin C သပ်သပ်ထပ်သောက်စရာမလိုတော့ဘူးပေါ့နော်။

Biotin ရဲ့ဓါတ်ကတော့ ပြောစရာမလိုအောင် အလှအပဆေးတွေမှာ မပါမဖြစ်ထဲကတစ်ခုပါ။

ဆေးညွှန်းက တစ်ရက်ကို (6) လုံးနဲ့ တစ်ဘူးလုံး (65)ရက်စာလို့ပြောပေမယ့်၊ ကျွန်မကတော့ ကိုယ့်အသက်အရွယ်အနေအထားနဲ့ တစ်နေ့ (၄)လုံးဘဲသောက်ပါတယ်။

မနက် (၂)လုံး ည (၂)လုံး၊ (4000) mg အားပေါ့၊ ဒီတော့ တစ်ဘူးကို (၃)လကျော်ခံပါတယ်။ ဈေးက ၅ သောင်း၀န်းကျင်လောက်ရှိတဲ့အတွက် ပါ၀င်တဲ့ collagen အားရယ်၊ အလုံးရေရယ်ယှဉ်ကြည့်ရင် အတော့်ကိုတန်ပါတယ်။

အခြားဆေးတွေဆို ဆေးတစ်ထုပ် 500mg/ 1000mg တစ်လစာတင် ၃သောင်း၀န်းကျင်တွေလောက်ရှိတယ်။

ဒီဆေးကို ကျွန်မဘာလို့ ညွှန်းရဲလဲဆို (၂၀၂၀)ကတည်းစ‌သောက်လာပြီး အခုဆို (၇)ဘူးမြောက်၀ယ်ရတော့မယ်။ ကုန်ပြီ 😁…….

အခြားဆေးတွေမြေစမ်းခရမ်းပျိုးသောက်ခဲ့ပေမယ့် ရေရှည်ဆိုကျောက်ကပ်အောင့်တာ၊ ညှီနံ့ခန္ဓာကိုယ်ကထွက်သလိုခံစားရတာ၊ ဆိုးကျိုးဘာမှမရှိလို့ပါ။

ဆေးသောက်ပြီး စထူးခြားလာတာက

(၁) စစသောက်ချင်းသိသာလာမှာ လက်သည်းခြေသည်းပါ၊ အရှည်မြန်လာတယ်၊ သန်လာတယ်။
(၂) ဆံပင်အရှည်အရမ်းမြန်လာတယ်၊ ဆံလုံးသန်ပြီး၊ ကျွတ်တာပါသက်သာတယ်၊ ကျွတ်ရင်တောင် Baby Hair တွေ ထွက်တယ်။

ရေရှည်စွဲသောက်ပြီးနောက်-
(၃) အသားအရည်အပေါ်ယံပိုင်းကတော့ ကျွန်မက skincare အမြဲလုပ်နေလို့မသိသာပေမယ့်၊ ပေါင်နဲ့ တင်ပါးကြားရှိတဲ့ အဆီထစ်တွေ လုံး၀မရှိပျောက်သွားတယ်၊ အကြောပြတ်တာတွေ အတော့်ကိုသက်သာပြီး ရေးရေးလေးဘဲမြင်ရတော့တယ်။

နောက်အရိုးအဆစ်တွေ တော်ရုံထိခိုက်မိရင် နာကျင်တာတို့၊ အရင်က ဒူးရိုးထိုင်တာကြာလို့ ဂလောက်ဂလက်မြည်တာတွေပါသက်သာတယ်။

အခြားလူတွေကိုညွှန်းတဲ့အခါသောက်ကြည့်ပြီးထူးခြားတာက သွေးအားကောင်းလာတယ်၊ အထိုင်အထ သွက်လက်လာတယ်၊ အဆီကျတယ်၊ ဆံသားပါးသူတွေ ထူလာတယ်၊ အသားအရည်ကြည်လာတယ်ပေါ့နော်။

အားသာချက် ။ ။
✅ ဈေးသင့်တယ်၊ ပါ၀င်တဲ့ Collagen ပမာဏလည်းများတယ်၊
✅ အာနိသင်ထိရောက်တယ်၊ Type I, II, III အကုန်လုံးပါလို့ အလှအပအတွက်ရော၊ ကျန်းမာရေးအတွက်ရောကောင်းတယ်၊
✅ အလုံးအမျိုးအစားမို့ သီးသန့်ဖျော်ရတာ၊ အချိန်အဆ နည်းတာများတာ မဖြစ်တော့ဘူး၊

အားနည်းချက် ။ ။
❎ အမဲသားကနေထုတ်ထားပြီး ဟာလာလည်းမဟုတ်လို့ လူမျိုးဘာသာမရွေးသောက်လို့တော့မရပါဘူး၊
❎ Biotin နဲ့မတည့်တဲ့သူတွေအတွက် အကြံမပြုပါဘူး၊ (Biotin မပါတဲ့ Youtheory ထုတ်ပေမယ့် နောက်ပိုင်းပါတာများပါတယ်)
❎ အချို့ရေသောက်နည်းတဲ့သူတွေမှာ အစာမကြေ၊ ရင်ပြည့်တာမျိုးဖြစ်တတ်ပါတယ်

အပိုဆောင်းအကြံပြုချက်ကတော့ရေများ”နဲ့သောက်ပါ၊
မိမိအသက်အရွယ်အလိုက်သောက်ရမယ့်ပမာဏကို ဆရာ၀န်၊ ဆေးပညာရှင်တွေကိုမေးပြီးသုံးစွဲပါ။
သိသာလား၊ မသိသာတာလားကတော့ သောက်တဲ့သူရဲ့ နေထိုင်မှုပုံစံ အပေါ်မူတည်ပါတယ်။
ဘယ်ဆေးသိန်းချီဘဲပေးရရ၊ ကောင်းတယ်ပြော”
လေ့ကျင့်ခန်းလုပ်ပါ၊ အစပ်၊ အငန်လျှော့ပြီး၊ အိပ်ရေးကောင်း”အိပ်၊ ဖြည့်စွက်စာစားရင် ပိုပြီးကျန်းမာလှပတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာမှာအမှန်ပါဘဲရှင်။

Leave a comment

Design a site like this with WordPress.com
Get started