-
Pacific Marketplace

ဒါကတော့ Pancific Hotel Check-in counter ကပ်လျက်မှာရှိတဲ့ Cafe ပါ။ Junction City Shopping Center ကနေဝင်လည်းရပါတယ်။ ဆိုင်အနေအထားကတော့ Shopping ထွက်ပြီး အေးဆေးနားချင်တဲ့သူတွေ၊ လူများတာမကြိုက်တဲ့သူတွေ အဆင်ပြေမှာပါ။ ကော်ဖီ၊ Tea၊ ကိတ်မျိုးစုံရပြီးတော့ သောက်စရာတွေက အနိမ့်ဆုံး (၄၀၀၀) ကျပ်ကနေ (၈၀၀၀)ကျပ်အထိ အစားစားရှိပါတယ်။ ကော်ဖီဘဲသောက်ခဲ့တာဆိုပေမယ့် ကိတ်တွေကိုစပ်စုကြည့်တာတော့ အလုံးလိုက်ဆို 30 USD ကနေ အစားစားရှိပါတယ်။ ပုံမှန်ကော်ဖီဆိုင်တွေထက်စာရင် စျေးနည်းနည်းများပေမယ့် Luxury ဆန်ဆန်သောက်ပြီး ဓါတ်ပုံရိုက်ချင်သူတွေအတွက် အဆင်ပြေမှာပါ။
-
Manora Thai Cuisine & Bistro

Shopping Center တစ်ခုရောက်ရင် တစ်နေ့လုံးတစ်ဆိုင်ချင်းပတ်ပြီး ဗိုက်ဆာမှ သတိဝင်လာပြီး ဘယ်ဆိုင်စားရမှန်းမသိတဲ့သူတွေရှိလား ဒါမှမဟုတ် ကိုယ့်ကောင်မလေးက စျေးဝယ်ထွက်နေတဲ့အချိန် တစ်ယောက်တည်းငေါင်ငေါင်ကြီးဖြစ်နေလို့ ဘယ်သွားရမှန်းမသိတဲ့သူကောင်လေးတွေရော ရှိလား ? ဒါဆိုရင်တော့ ဖက်ရှင်၊ အလှကုန်၊ အစားအသောက်တွေစုံလင်လှတဲ့ Junction City မှာ စျေးဝယ်ထွက်ရင်း ထိုင်းအစားအသောက်ကောင်းကောင်းတွေရတဲ့ Manora Thai Cuisine & Bistro ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ယိုးဒယားစာဆို တကယ်အရသာရှိပြီး စားကောင်းတဲ့ဆိုင်ရှားပါတယ်။ ဒီဆိုင်လေးကတော့ စျေးနှုန်းသင့်တင့်ပြီး ထိုင်းစာကိုဂျီးများတဲ့ကျွန်မတောင် ခံတွင်းတွေ့ပါတယ်။ ဆိုင်မှာစစချင်းဝင်နေရာယူတော့မယ်ဆို အတွင်းအဲကွန်းခန်းထဲလည်း အေးဆေးစားလို့ရသလို အပြင် View ကောင်းကောင်းကြည့်ချင်တယ်ဆိုလည်း Holy Trinity Anglican Cathedral Church ကျောင်းတော် ရဲ့အလှကိုခံစားပြီး ထိုင်စားလို့လည်းရပါတယ်။ အပြင်မှာထိုင်တဲ့သူအများစုက ဆေးလိပ်သောက်တတ်တဲ့သူတွေရှိလို့ အနံ့မခံနိုင်ဘူးဆိုရင် မထိုင်သင့်ပါ။ အစားအသောက်မမှာခင်စျေးနှုန်းကြည့်ချင်တဲ့သူတွေအတွက်လည်း…
-
Bushido Japanese Restaurant

ဂျပန်အစားအစာလို့ပြောရင် ပထမဆုံးမြင်မိတာက ဆူရှီ၊ Sashimi၊ မီဆို Soup ကိုဘဲပြေးမြင်မိကြမှာပါ။ အဲ့ဒါတွေတင်မကဘဲ ဂျပန်ခေါက်ဆွဲတွေဖြစ်တဲ့ Soba၊ Udon၊ Origiri လို့ခေါ်တဲ့ထမင်းလုံး၊ တန်ပူရာအစရှိတဲ့ အခြားသောဂျပန်အစားအစာ အရသာစစ်စစ်တွေကို သုံးဆောင်ချင်သူတွေအတွက် Bushido ကို လမ်းညွှန်ပေးချင်ပါတယ်။ ဂျပန်စာအစုံရတဲ့အပြင်စျေးနှုန်းတွေက မှာလိုတဲ့ဟင်းလျာအမျိုးအစားအလိုက် အနိမ့်ဆုံး (၃၀၀၀)ကျပ်ကနေ (၃၀၀၀၀)ကျပ်ဝန်းကျင်အထိ အစားစားရှိပါတယ်။ ဂျပန်အရက်ရှယ်သောက်မယ်ဆိုရင်တော့ စျေးအနှုန်းအလိုက် အများဆုံးသိန်းကျပ် ဝန်းကျင်အထိ ရှိပါမယ်။ ဂျပန်အရက်ရှယ်သောက်မယ်ဆိုရင်တော့ စျေးအနှုန်းအလိုက် အများဆုံးသိန်းကျပ်ဝန်းကျင်အထိရှိပါမယ်။ အောက်မှာ ရရှိနိုင်မယ့် Menu အချို့နဲ့စျေးနှုန်းကိုကျွန်မပြထားပါတယ်။ ပုံမှန်ထက်စာရင်စျေးကြီးတယ်လို့ထင်ရပေမယ့် တစ်ပွဲမှာပါဝင်တဲ့ပမာဏက ဗိုက်ရိုက်အဝစားလို့ရပါတယ်။ အစားနည်းသူဆိုရင်(၁)ပွဲ(၂)ယောက်စားလို့ရပါမယ်။ ကျွန်မထပ်သတိပေးချင်ပါတယ်၊ Menu ထဲက ပုံလေးကြိုက်လို့ (၃)(၄)ပွဲလောက် တစ်ထိုင်တည်းမှာမစားပါနဲ့၊ မကုန်မှာဆိုးလို့၊ တစ်ပွဲကုန်မှ ထပ်မှာချင်မှာပါ။ ကလေးတွေအတွက် Kid Set ကိုလည်း…
-
Welcome to Snow Diary

အားလုံးဘဲမင်္ဂလာပါ။ ကျွန်မရဲ့ Snow Diary Blog ကနေ ကြိုဆိုပါတယ်။ဒီ Blog လေးကို (၂၀၂၂)နှစ်အစပိုင်းကမှ စတင်တည်ထောင်ထားတာဖြစ်ပြီးတော့ အစားအသောက်၊ အလှအပရေးရာနဲ့ပါတ်သက်တဲ့အကြောင်းအရာတွေကို အဓိကတင်ဆက်ပေးမှာပါ။အဓိကရည်ရွယ်ချက်ကတော့ (၂၀၁၉)ကိုဗစ်ကစတင်ပြီး ယနေ့အချိန်အထိ အဖက်ဖက်က စိတ်ဖိစီးမှု၊ မွန်းကြပ်မှုတွေကိုခံစားနေရတဲ့သူတွေ တဒင်္ဂဖြစ်ဖြစ်၊ မိသားစုတွေ ဒါမှမဟုတ် ကိုယ့်သူငယ်ချင်း၊ ချစ်ခင်ရသူတွေနဲ့ အရသာရှိတဲ့အစားအသောက်တွေစားသောက်ရင်း၊ ပင်ပန်းနွမ်းနယ်မှုတွေ ပြေပျောက်ပြီး ရှေ့ဆက်လျှောက်ဖို့အားအင်တွေပြန်လည်ပြည့်စေဖို့ပါ။ငွေကုန်ကြေးကျခံပြီးအပြင်ထွက်လျောက်လည်စားကြတဲ့အခါ ပေးရတဲ့တန်ကြေးနဲ့ညီမျှတဲ့အရသာရှိဖို့ရယ်၊ သွားလာရအဆင်ပြေဖို့၊ မသွားခင်သုံးစွဲမယ့်ငွေပမာဏကိုချင့်ချိန်နိုင်ဖို့က အရေးကြီးပါတယ်။အရေးကြီးတဲ့သတင်းတွေမဖုံးသွားအောင် ကျွန်မရဲ့ Blog ကနေသာ စားသောက်ဆိုင်၊ Beauty Salon နှင့် Spa Massage ရှိတဲ့ကျန်းမာရေး၊ အလှအပ၊ အစားအသောက် အကြောင်းအရာတွေကို ပုံမှန်တင်ဆက်သွားမှာဖြစ်လို့ စောင့်မျှော်ကြည့်ရှုပေးပါဦးလို့ ဒီကနေပြောချင်ပါတယ်။ပျော်ရွှင်ဖွယ်နေ့ရက်များကို အားလုံးနေ့တိုင်းပိုင်ဆိုင်နိုင်ကြပါစေ။ 🏩💌🤟 Snow Diary
-
Old Eain Cafe

မင်္ဂလာပါ။ Snow Life and Diary Blog ရဲ့ပထမဆုံးအနေနဲ့မိတ်ဆက်ပေးချင်တာတော့ Old Eain ကော်ဖီဆိုင်လေးဘဲဖြစ်ပါတယ်။ ဒီဆိုင်လေးကို(၂၀၁၉) လောက်မှာစတင်ဖွင့်လှစ်ခဲ့ပြီးကိုဗစ်ကြောင့် ခေတ္တရပ်နားကာ(၂၀၂၁) နှစ်ကုန်ပိုင်းလောက်မှ ပြန်လည်ဖွင့်လှစ်တာ ဖြစ်ပါတယ်။ ဆိုင်အနေအထားဟာ သီးသန့်တိတ်ဆိတ်အေးချမ်းစွာ ကော်ဖီ သုံးဆောင်လိုသူတွေအတွက် ပိုပြီးသင့်လျော်ပါတယ်။ ဆိုင်ထဲကို ဝင်လာပြီဆိုကတည်းက စသတိထားမိတာကတော့ သူ့ရဲ့အပြင်အဆင်ဘဲဖြစ်ပါတယ်။ ခေတ်ဟောင်းအငွေ့အသက်တွေကို ဆန်းသစ်တဲ့ပြင်ဆင်ပုံနဲ့ ဖွဲ့စည်းထားပါတယ်။ ကော်ဖီဆိုင်ရဲ့ အဓိကဖြစ်တဲ့ အရသာဘက်ပိုင်းကိုကြည့်ရင် ကော်ဖီဆိုင်တစ်ခုမှာ မရှိမဖြစ်ဖြစ်တဲ့ Cappuccino၊ Latte၊ Black၊ Americano အစရှိသည်တို့ ရပါတယ်။ ဆိုင်ဝန်ထမ်းပြောပုံအရ ယခုမှ ပြန်ဖွင့်တာမို့ ကော်ဖီဘဲရဦးမှာဖြစ်ပေမယ့် မကြာခင်မှာ Menu အစုံနဲ့ ပြန်လည် တင်တော့မှာ ဖြစ်ကြောင်းလည်း သိခဲ့ရပါသေးတယ်။ကော်ဖီအပြင် ဒေသထွက်ကုန် တော်ဖီ၊ သရက်ယို၊ နှပ်ကော်ဖီအရသာမျိုးစုံ၊ အမှတ်တရ…