Tag: Cake
-
Prime Grill Mediterranean Restaurant Yangon

Mediterranean food မြေထဲပင်လယ်ဒေသအစားအစာတွေက ရှားရှားပါးပါးလေး ရန်ကုန်မှာ တွေ့ခဲပါတယ်။ Mediterranean အစားအသောက်တွေရဲ့အရသာကထူးကဲလေးနက်ပြီး ဥရောပအစားအစာလို မအီသလို ဟင်းခတ်အမွှေးအကြိုင်အနံ့က အလွန်စူးရှပြင်းထန်လွန်းခြင်းလည်းမရှိပါဘူး။ချက်နည်းကောင်းရင် အလွန်ခံတွင်းတွေ့ဖွယ်ကောင်းပါတယ်။ ဆီနည်းပြီး လတ်ဆက်စွာချက်ပြုတ်တဲ့နည်းကို အသုံးပြုထားလို့ ကျန်းမာရေးလိုက်စားသူတွေအတွက်အဆင်ပြေပါတယ်။ ပြီးတော့ Mediterranean food အများစုက ဟာလာဖြစ်တဲ့အတွက် လူမျိုးဘာသာမရွေးစားရအဆင်ပြေစေတယ်။ ကျွန်မ(၃)ခေါက်တိတိအထိ အခါခါစားမိတဲ့ Prime Grill Mediterranean Restaurantအကြောင်းကို ယနေ့မှာ တင်ဆက်ပေးမှာပါ။ ဆိုင်အဟောင်း ဒဂုံမြို့နယ်၊ န၀ဒေးလမ်းမှာဖွင့်တည်းက အရမ်းကြိုက်ခဲ့တာပါ။အခုတော့ ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းထောင့် (Super Powerမီးဆိုင်အနောက်ဘက် ရွှေဂုံတိုင်ပလာ၀န်းအတွင်း)မှာ ကျယ်၀န်းပြီးလှပသပ်ရပ်ပြီး မပြောင်းလဲတဲ့ အရသာတွေနဲ့ အသစ်ပြန်လည်ဖွင့်လှစ်ထားပါတယ်။ ပင်လယ်ချစ်ခြင်းသင်္ကေတ ပြာလဲ့လဲ့ကို အခြေခံပြီး ဆိုင်ကိုအလှဆင်ထားပါတယ်။ (၃)ထပ်ရှိပြီး အပေါ်ဆုံးကတော့ Roof top ပါ၊ သွားတဲ့အချိန်က အရမ်းပူလို့…
-
The District Coffee Lounge (Yankin Branch)

ကော်ဖီဆိုင်ဆိုရင် အေးဆေးထိုင်သောက်လို့ရတဲ့ နေရာလေးဖြစ်ရမယ်၊ Date ဖို့ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ချိန်းပြီးစာလုပ်ဖို့ဖြစ်ဖြစ်၊ သက်တောင့်သက်သာဖြစ်ပြီး ဈေးနှုန်းသက်သာတဲ့ဆိုင်ဖြစ်ရမယ်၊ တချို့ဓါတ်ပုံရိုက်ဝါသနာပါသူတွေအတွက် ဆိုင်အသစ်လေးဖြစ်ရင် ပိုကောင်းတာပေါ့ဆိုတဲ့ ကောင်မလေးတွေအတွက် ဆိုင်ဖွင့်တာမှ (၃)ပါတ်ဘဲရှိသေးတဲ့ The District Coffee Lounge (Yankin Branch) လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ District ဆို ကော်ဖီချစ်သူတွေတိုင်းသိပြီးသားမို့ ကော်ဖီအရသာတွေရော မုန့်တွေရော ပြောစရာမလိုအောင်ကောင်းပြီးသားပါ။ ဒီဆိုင်လေးက သစ်ပင်လေးတွေနဲ့ အပြင်မှာ အေးဆေးကော်ဖီထိုင်သောက်လို့ရသလို၊ အထဲမှာဘဲ အဲကွန်းလေးနဲ့ အေးဆေးသောက်မယ်ဆိုလည်းရပါတယ်။ ဆိုင်က (၂)ထပ်ရှိလို့ ကျယ်ကျယ်၀န်းကျယ်၀န်း၀န်းရှိလှပါတယ်။ နေ့လည်ဆိုလူများလို့၊ မနက်အစောပိုင်း လောက်ဆို လူပါးပါတယ်။ အားလုံးသိချင်နေမယ့် menu လေးလာပါပြီ။ ဈေးမကြီးပါဘူးနော်။ အစားအသောက်တွေအကုန်လုံးကတော့ ပြောစရာကိုမလိုလောက်အောင် အရသာရှိလှပါတယ်။ Wifi ကို (၃)နာရီအထိ Free အသုံးပြုနိုင်ပြီး နောက်ထပ်ဆက်သုံးချင်…