Tag: healthy
-
Prime Grill Mediterranean Restaurant Yangon

Mediterranean food မြေထဲပင်လယ်ဒေသအစားအစာတွေက ရှားရှားပါးပါးလေး ရန်ကုန်မှာ တွေ့ခဲပါတယ်။ Mediterranean အစားအသောက်တွေရဲ့အရသာကထူးကဲလေးနက်ပြီး ဥရောပအစားအစာလို မအီသလို ဟင်းခတ်အမွှေးအကြိုင်အနံ့က အလွန်စူးရှပြင်းထန်လွန်းခြင်းလည်းမရှိပါဘူး။ချက်နည်းကောင်းရင် အလွန်ခံတွင်းတွေ့ဖွယ်ကောင်းပါတယ်။ ဆီနည်းပြီး လတ်ဆက်စွာချက်ပြုတ်တဲ့နည်းကို အသုံးပြုထားလို့ ကျန်းမာရေးလိုက်စားသူတွေအတွက်အဆင်ပြေပါတယ်။ ပြီးတော့ Mediterranean food အများစုက ဟာလာဖြစ်တဲ့အတွက် လူမျိုးဘာသာမရွေးစားရအဆင်ပြေစေတယ်။ ကျွန်မ(၃)ခေါက်တိတိအထိ အခါခါစားမိတဲ့ Prime Grill Mediterranean Restaurantအကြောင်းကို ယနေ့မှာ တင်ဆက်ပေးမှာပါ။ ဆိုင်အဟောင်း ဒဂုံမြို့နယ်၊ န၀ဒေးလမ်းမှာဖွင့်တည်းက အရမ်းကြိုက်ခဲ့တာပါ။အခုတော့ ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းထောင့် (Super Powerမီးဆိုင်အနောက်ဘက် ရွှေဂုံတိုင်ပလာ၀န်းအတွင်း)မှာ ကျယ်၀န်းပြီးလှပသပ်ရပ်ပြီး မပြောင်းလဲတဲ့ အရသာတွေနဲ့ အသစ်ပြန်လည်ဖွင့်လှစ်ထားပါတယ်။ ပင်လယ်ချစ်ခြင်းသင်္ကေတ ပြာလဲ့လဲ့ကို အခြေခံပြီး ဆိုင်ကိုအလှဆင်ထားပါတယ်။ (၃)ထပ်ရှိပြီး အပေါ်ဆုံးကတော့ Roof top ပါ၊ သွားတဲ့အချိန်က အရမ်းပူလို့…
-
Youtheory Collagen Review

Collagen သောက်မယ်ဆိုရင် ဘယ်လိုအားသာချက်တွေကို အဓိကပေးပြီးသောက်ချင်တာပါသလဲ? အသက်အရွယ်အလိုက် တစ်နေ့ဘယ်လောက် ပမာဏသုံးစွဲသင့်ပါသလဲ? ဆိုတဲ့အချက်တွေကို အဓိကထားပြီး စဉ်းစားသင့်ပါတယ်။ Collagen မှာ အခြေခံအားဖြင့် Type I, II, III ဆိုပြီးရှိပြီး V နဲ့ X တောင်ထပ်ရှိသေးတယ်လို့လည်း စာစောင်တစ်ခုမှာဖတ်ဖူးပါတယ်။ များသောအားဖြင့်လက်ရှိဈေးကွက်ထဲကဆေးတွေဟာ Type I, II, III အတွက်ထုတ်တာများပါတယ်။ Type I – အရေးအကြောင်းလျှော့ချပေးခြင်း၊ အသားအရည်ကျုံ့ဆန်ုနိုင်မှုတိုးမြှင့်ပေးခြင်းနဲ့ ရေဓါတ်ဖြည့်တင်းပေးခြင်း၊ လက်သည်းခြေသည်းနဲ့ ဆံပင်ကိုသန်မာလာစေခြင်း၊ ကြွက်သားဖြစ်ပေါ်မှုအထောက်အပံ့ပေးခြင်း။ Type II – အရိုးအဆစ်၊ အရွတ်ကျန်းမာရေးအတွက်ကောင်းမွန်စေခြင်း၊ မျက်လုံးကျန်းမာရေးအတွက်ကောင်းခြင်း။ Type III – အူလမ်းကြောင်း၊ အသားအရည်နဲ့ အရိုး၊ ကြွက်သား၊ သွေးကြောကျန်းမာရေးအတွက်ဆိုပြီး ထုတ်လုပ်ကြပါတယ်။ Collagen က…
-
ယောဂ နဲ့ Glow Skin

💐အလှအပအတွက် ခဏကိုယ်အစိတ်အပိုင်းမှာ ဘယ်အပိုင်းက အရေးအပါဆုံးလဲမေးရင် အရည်ပြားလို့ဘဲဖြေမိမယ်ထင်တယ်……. 🤍 အသားအရည်လေးက ကြည်လင်၀င်းမွတ်နေရင် ဘာအကျီ၀တ်”၊ ပိန်” ၀” အဟန့်ရှိတော့ ကိုယ်ရောင်တောက်ပနေသလိုဘဲ……. 💆🏻♀️အသားဖြူချင်တယ်၊ လှချင်တယ် ဘာလူးရင်ကောင်းမလဲ၊ ဘာ Skin Care သုံးရမလဲလို့ လာမေးတဲ့ညီမလေးတွေကို အကောင်းဆုံး ရိုးရှင်းတဲ့နည်းလမ်းပေးချင်လို့ပါ။ ⛹🏻♀️(၁) အစားအသောက် (၂) အိပ်ရေး (၃) ဖြည့်စွက်စာ (၄) Skin Care (၅) လေ့ကျင့်ခန်းလိုက်စားခြင်း အဲ့ဒီ (၅)ချက်နဲ့ပြည့်စုံတဲ့သူတွေမှာ ပြီးပြည့်စုံတဲ့ အသားအရည်ပိုင်ဆိုင်ထားတာကို လေ့လာတွေ့ရှိရပါတယ်။ 🏋🏻♂️ Gym/ လေ့ကျင့်ခန်းလိုက်စားတဲ့သူတွေကို ကြည့်”ပါ၊ ထင်ရှားနေတဲ့ ကြွက်သားအပြင်၊ ကြည်လင်နေတဲ့အသားအရည်ကိုလည်း ပိုင်ဆိုင်ထားကြတယ်။ အသားမဖြူတောင်မှ သလင်းကျောက်လိုလင်းနေသလိုမျိုး၊ သာမန်လူတွေကြားထဲထင်းနေတတ်ပါတယ်။….. 🏃🏻♀️လေ့ကျင့်ခန်းလုပ်တော့ ချွေးပုပ်တွေထွက်တယ်၊ ကိုယ်တွင်းကလီစာတွေလည်းကျန်းမာတော့ စားသမျှ အဟာရဖြစ်၊…