Tag: Hot Pot
-
Beauty In The Pot (Taw Win/ 9 Miles Branch)

Foodie တို့ရေ….ဒီတစ်ခေါက်တော့ (၉)မိုင် ဝိတိုရိယ မျက်နှာချင်းဆိုင်မှာအသစ်ဖွင့်ထားတဲ့ “Beauty in the Pot” (9 Mile Branch) မှာ စားကြမယ်။ဆိုင်သစ်ဖွင့်ခါစမို့ 40 % Discount တောင် လျှော့ပေးထားပါတယ်။ ဒီလကုန် (၃၁)ရက်နေ့အထိမို့ မှီသေးတယ် 😋။လျော့ထားတဲ့အထဲမှာ ဟင်းရည်ဖိုးနဲ့ ဖျော်ရည်၊ သောက်စရာတို့တော့မပါဘူးပေါ့နော်။ မစားခင် Mask ထည့်ဖို့အိတ်နဲ့ Apron လေးလာချပေးပါတယ်။ Beauty in the Pot ရဲ့ နာမည်အကြီးဆုံး Collagen Broth ကတော့ သိပြီးတဲ့အတိုင်း သောက်ပြီးရင်ကို လျှာပေါ်မှာ ဆွဲကျန်နေခဲ့တာပါ။ Service ကောင်းချက်ကတော့ ခွံမကျွေးရုံတမယ်ပါဘဲရှင် 😅၊ Customer ဟင်းချိုသောက်ချင်ရင် ခပ်ထည့်ပေးတယ်၊ အသားစိမ်၊ ပြုတ် အကုန်လုပ်၊ တူလေးနဲ့…