
ဂျပန်အစားအစာလို့ပြောရင် ပထမဆုံးမြင်မိတာက ဆူရှီ၊ Sashimi၊ မီဆို Soup ကိုဘဲပြေးမြင်မိကြမှာပါ။ အဲ့ဒါတွေတင်မကဘဲ ဂျပန်ခေါက်ဆွဲတွေဖြစ်တဲ့ Soba၊ Udon၊ Origiri လို့ခေါ်တဲ့ထမင်းလုံး၊ တန်ပူရာအစရှိတဲ့ အခြားသောဂျပန်အစားအစာ အရသာစစ်စစ်တွေကို သုံးဆောင်ချင်သူတွေအတွက် Bushido ကို လမ်းညွှန်ပေးချင်ပါတယ်။
ဂျပန်စာအစုံရတဲ့အပြင်စျေးနှုန်းတွေက မှာလိုတဲ့ဟင်းလျာအမျိုးအစားအလိုက် အနိမ့်ဆုံး (၃၀၀၀)ကျပ်ကနေ (၃၀၀၀၀)ကျပ်ဝန်းကျင်အထိ အစားစားရှိပါတယ်။ ဂျပန်အရက်ရှယ်သောက်မယ်ဆိုရင်တော့ စျေးအနှုန်းအလိုက် အများဆုံးသိန်းကျပ် ဝန်းကျင်အထိ ရှိပါမယ်။ ဂျပန်အရက်ရှယ်သောက်မယ်ဆိုရင်တော့ စျေးအနှုန်းအလိုက် အများဆုံးသိန်းကျပ်ဝန်းကျင်အထိရှိပါမယ်။
အောက်မှာ ရရှိနိုင်မယ့် Menu အချို့နဲ့စျေးနှုန်းကိုကျွန်မပြထားပါတယ်။





ပုံမှန်ထက်စာရင်စျေးကြီးတယ်လို့ထင်ရပေမယ့် တစ်ပွဲမှာပါဝင်တဲ့ပမာဏက ဗိုက်ရိုက်အဝစားလို့ရပါတယ်။ အစားနည်းသူဆိုရင်(၁)ပွဲ(၂)ယောက်စားလို့ရပါမယ်။ ကျွန်မထပ်သတိပေးချင်ပါတယ်၊ Menu ထဲက ပုံလေးကြိုက်လို့ (၃)(၄)ပွဲလောက် တစ်ထိုင်တည်းမှာမစားပါနဲ့၊ မကုန်မှာဆိုးလို့၊ တစ်ပွဲကုန်မှ ထပ်မှာချင်မှာပါ။
ကလေးတွေအတွက် Kid Set ကိုလည်း သီးသန့်ထားပေးထားလို့ မေမေတွေအတွက်လည်း အဆင်ပြေမှာပါ။
ကျွန်မတို့သွားတုန်းကမှာစားခဲ့တာတော့
Omelet with Pork and Cabbage
Rice ball with Tempura Flake
Porridge Set
Hot Soba with Pork and Leek
Miso Soup တို့ဖြစ်ပြီး အားလုံးပေါင်း (၃၀၀၀၀)ကျပ်လောက်ကျပါတယ်။
အခြား Set တွေမှာတော့ Miso Soup ကိုပါတစ်ခါတည်းထည့်ထားလို့ သီးသန့်ထပ်မှာစရာမလိုတော့ တွက်ခြေကိုက်တာပေါ့ရှင်။





အပိုဆောင်းဝန်ဆောင်မှုအနေနဲ့ လတ်လတ်ဆက်ဆက် Green Tea ကို အခမဲ့စိတ်ကြိုက်တိုက်ပြီး Oshibori လို့ခေါ်တဲ့ လက်သုတ်ပဝါစိုလေးကို အစားအသောက် မတည်ခင်းခင်ချပေးပါတယ်။ ဒါကဂျပန်ဆိုင်စစ်စစ်တွေမှာ ကမ်းပေးတဲ့ဓလေ့ဖြစ်ပြီး အစာမစားခင်လက်သန့်စင်ဖို့ပေးဖို့ဖြစ်ပါတယ်။ (အိမ်တော့သယ်သွားလို့မရဘူးနော်… :P) နွေရာသီဆို Cold Oshibori ပေးပြီး၊ ဆောင်းရာသီဆုရင် Hot Oshiboriနဲ့ ဧည့်ခံကြောင်းကိုလည်း မသိသေးတဲ့လူတွေအတွက် ဗဟုသုတအနေနဲ့ ထည့်ပြောပေးလိုက်ပါတယ်။

ဒီတော့ ဒီဆိုင်လေးက မိသားစုတွေ ဒါမှမဟုတ် သူငယ်ချင်းတွေ စုပြီး ဂျပန်စာကောင်းကောင်းကို တဝကြီးစားချင်သူတွေအတွက်ဖြစ်ဖြစ်သင့်လျော်ပါတယ်။ အားရပါးရစားရမှ ကျေနပ်မယ်ဆိုတဲ့ စုံတွဲတွေလည်း ကြိုက်ကြမှာပါ။




ဆိုင်ဝန်ဆောင်မှုကကောင်းပြီး အပြင်ကလည်း သန့်ရှင်းသပ်ရပ်လှပါတယ်။ စားသောက်ဆိုင်က (၂)ထပ်ဖြစ်လို့လူပြည့်မှာ စိုးရိမ်စရာမလိုပါဘူး။ Free Wifi လည်းရပါတယ်နော်။
စျေးနှုန်းသင့်လျော်ပြီး အရသာလည်းကောင်းလို့ ဂျပန်စာကိုတောင့်တနေတဲ့သူများကို သွားစားသင့်ကြောင်း အကြံပြုချင်ပါတယ်။
လိပ်စာကတော့ အမှတ်(၂၅)AB၊ ဗိုလ်ရာညွှန့်လမ်း၊ ဒဂုံမြို့နယ်ပါ။
Grad နဲ့ငှားမယ်ဆိုလည်း Google Map မှာ Location ရှိလို့အဆင်ပြေပါတယ်။
Leave a comment