Beauty In The Pot (Taw Win/ 9 Miles Branch)

Foodie တို့ရေ….
ဒီတစ်ခေါက်တော့ (၉)မိုင် ဝိတိုရိယ မျက်နှာချင်းဆိုင်မှာအသစ်ဖွင့်ထားတဲ့ “Beauty in the Pot” (9 Mile Branch) မှာ စားကြမယ်‌။
ဆိုင်သစ်ဖွင့်ခါစမို့ 40 % Discount တောင် လျှော့ပေးထားပါတယ်။ ဒီလကုန် (၃၁)ရက်နေ့အထိမို့ မှီသေးတယ် 😋။
လျော့ထားတဲ့အထဲမှာ ဟင်းရည်ဖိုးနဲ့ ဖျော်ရည်၊ သောက်စရာတို့တော့မပါဘူးပေါ့နော်။

မစားခင် Mask ထည့်ဖို့အိတ်နဲ့ Apron လေးလာချပေးပါတယ်။

Beauty in the Pot ရဲ့ နာမည်အကြီးဆုံး Collagen Broth ကတော့ သိပြီးတဲ့အတိုင်း သောက်ပြီးရင်ကို လျှာပေါ်မှာ ဆွဲကျန်နေခဲ့တာပါ။

Service ကောင်းချက်ကတော့ ခွံမကျွေးရုံတမယ်ပါဘဲရှင် 😅၊ Customer ဟင်းချိုသောက်ချင်ရင် ခပ်ထည့်ပေးတယ်၊ အသားစိမ်၊ ပြုတ် အကုန်လုပ်၊ တူလေးနဲ့ ခပ်ပြီး ရွှိဆို စားလိုက်ရုံဘဲ၊
FA တွေ သွားစားသင့်တယ်။ 🤣

အသားအနေအထားကတော့ ပုံထဲကအတိုင်းပါဘဲ၊ အသားရဲ့ လတ်ဆက်မှု၊ ပြုတ်ထားတဲ့အနေအထား ကောင်းမွန်မှုကြောင့် ဝါးစားလိုက်ရင် Juicy လေး၊

အချဉ်ရည်ကို စပ်ခိုင်းလည်းရသလို၊ ကိုယ့်ဘာသာလုပ်မယ်ဆိုလည်း အချဉ်ရည်စပ်ပုံတွေကို ကပ်ထားပေးပါတယ်။

အစာကြေရင်ချောင်ပြီး ဟော့ပေါ့နဲ့လိုက်တဲ့ Chinese Tea တရုတ်ရေနွေးကြမ်းပေ့ါနော်….အဲ့ဒါလေးမှာတယ်။
တစ်ယောက်စာဆို (၅၀၀) ထပ်ခါထပ်ခါတော့ဖြည့်ပေးတယ်။

နောက်ဆုံးမှာတော့ အအီအဆိမ့်ပြေအောင် သံပုရာ smoothie လေး Free ချပေးတယ်…. Snow tower လေးကတော့ ပါးစပ်ဆီကွက်နေရင် သုပ်ပေါ့နော် 😂။

စားပြီးတဲ့အခါမှာလည်း ၀န်ထမ်းတွေက မေးပါတယ်…ဟင်းရည် ပါဆယ်ထုပ်မလားပေါ့….ဈေးကလည်းမနည်းသလို အရသာကလည်းကောင်းတာကိုး….ကပ်စေးနဲတွေနဲ့တော့ ကွက်တိဖြစ်မှာပါ  ၀န်ထမ်းတွေရဲ့ service ကိုက အရမ်းအလိုက်သိတတ်တာပါဘဲ….

ဒီလို service ကောင်းပြီး customer တွေ အပေါ်မလစ်ဟင်းအောင် စားပွဲဝိုင်း(၁၃)ဝိုင်းမှာ ၀န်ထမ်းအသီးသီးထားပေးထားတယ်။

VIP သီးသန့်ခန်းလည်းရှိပြီး၊ (၁)နာရီကို တစ်သောင်းပါ။ သုံးသိန်းနဲ့ အထက်ဆိုရင်တော့ Room Charges မယူပါဘူးတဲ့။

အနှစ်ချုပ်ရရင် Beauty in the Pot ရဲ့အရသာက နာမည်ကြီးသလို ဆိုင်သစ်မှာလည်း ဆက်ထိန်းထားပါတယ်။ လူတော့အရမ်းများပါတယ်။ အထူးသဖြင့် Promotion ကာလလည်း ဖြစ်နေတော့လေ… ဒါကြောင့် မသွားခင် Booking လေးချိတ်ထားပါ။

Bill ရှင်းတဲ့အခါ အပေါ်မှာပြောခဲ့သလို Discount ထဲဟင်းရည်နဲ့ သောက်စရာဖိုးမပါဘူး၊ service charges ၁၀% ပေးရပါတယ်။

မျှော်လင့်နေကြမယ့် menu ပါ။ Beauty in the Pot page မှာလည်း ပြထားပါတယ်။

လမ်းကြောင်းကလည်းသင့်၊ (၉)မိုင်ကားဂိတ်ကနေဆင်း၊ လမ်းလျှောက်ပြီး၊ ဝိတိုရိယမျက်နှာချင်းဆိုင်ဆိုရင် ကားလမ်းကူးတာနဲ့ ရောက်ပါပြီရှင်။

ပေးရတဲ့ဈေးနဲ့တန်တဲ့ ဟော့ပေါ့ဆိုင်ကောင်းလေးမို့လမ်းညွှန်လိုက်ပါတယ်။

ဆိုင်ဖွင့်ချိန် – 11:00 AM to 09:00 PM
Last order – 08:30
Reservation number – 09 880 222 183/ 09 880 222 182

One response to “Beauty In The Pot (Taw Win/ 9 Miles Branch)”

  1. Luxury hotpot feeling : p

    Like

Leave a reply to Kelvin Chang Cancel reply

Design a site like this with WordPress.com
Get started