Mediterranean food မြေထဲပင်လယ်ဒေသအစားအစာတွေက ရှားရှားပါးပါးလေး ရန်ကုန်မှာ တွေ့ခဲပါတယ်။
Mediterranean အစားအသောက်တွေရဲ့အရသာကထူးကဲလေးနက်ပြီး ဥရောပအစားအစာလို မအီသလို ဟင်းခတ်အမွှေးအကြိုင်အနံ့က အလွန်စူးရှပြင်းထန်လွန်းခြင်းလည်းမရှိပါဘူး။
ချက်နည်းကောင်းရင် အလွန်ခံတွင်းတွေ့ဖွယ်ကောင်းပါတယ်။
ဆီနည်းပြီး လတ်ဆက်စွာချက်ပြုတ်တဲ့နည်းကို အသုံးပြုထားလို့ ကျန်းမာရေးလိုက်စားသူတွေအတွက်အဆင်ပြေပါတယ်။ ပြီးတော့ Mediterranean food အများစုက ဟာလာဖြစ်တဲ့အတွက် လူမျိုးဘာသာမရွေးစားရအဆင်ပြေစေတယ်။
ကျွန်မ(၃)ခေါက်တိတိအထိ အခါခါစားမိတဲ့ Prime Grill Mediterranean Restaurantအကြောင်းကို ယနေ့မှာ တင်ဆက်ပေးမှာပါ။
ဆိုင်အဟောင်း ဒဂုံမြို့နယ်၊ န၀ဒေးလမ်းမှာဖွင့်တည်းက အရမ်းကြိုက်ခဲ့တာပါ။
အခုတော့ ကမ္ဘာအေးဘုရားလမ်းနှင့် ရွှေဂုံတိုင်လမ်းထောင့် (Super Powerမီးဆိုင်အနောက်ဘက် ရွှေဂုံတိုင်ပလာ၀န်းအတွင်း)မှာ ကျယ်၀န်းပြီးလှပသပ်ရပ်ပြီး မပြောင်းလဲတဲ့ အရသာတွေနဲ့ အသစ်ပြန်လည်ဖွင့်လှစ်ထားပါတယ်။
ပင်လယ်ချစ်ခြင်းသင်္ကေတ ပြာလဲ့လဲ့ကို အခြေခံပြီး ဆိုင်ကိုအလှဆင်ထားပါတယ်။
(၃)ထပ်ရှိပြီး အပေါ်ဆုံးကတော့ Roof top ပါ၊ သွားတဲ့အချိန်က အရမ်းပူလို့ roof top တော့မကြည့်ခဲ့ဘူး……






(စိတ်၀င်စားရင် လက်ဆောင်ပေးဖို့ကောင်းတဲ့ ရေနွေးနဲ့သောက်စရာ လက်ဖက်ခြောက်၊ ခွက်၊ ပျားရည် အစရှိတာလေးတွေ ၀ယ်လို့ပါသေးတယ်။)




Instagramစတိုင် ပုံလှလှလေးတွေတင်ဖို့ ကောင်းတယ်၊
သီးသန့်အဖွဲ့လိုက်စားချင်သူတွေအတွက်လည်း အခန်းရှိတယ်၊ Chargesပေးစရာမလိုတာ အဲ့ဒီဆိုင်ရဲ့အားသာချက်ပေါ့နော်၊ ဒါပေမဲ့အနည်းဆုံးလူ(၈)ယောက်စာအတွက်ဖြစ်ပြီး ကြိုတော့ Reserveလုပ်ရပါမယ်တဲ့။
အစားအသောက်ပိုင်းကြည့်မယ်ဆို ⭐⭐⭐⭐⭐ပါ။
လတ်ဆက်သန့်ရှင်းပြီး တော်ရုံအသားမကြိုက်တဲ့ကျွန်မတောင် ခံတွင်းတွေ့တယ်၊
Drink မှာမယ်ဆိုရင်တော့ ဆိုင်ရဲ့ Signature ဖြစ်တဲ့ Turkish coffee နဲ့ Mint Tea ကို မှာဖြစ်အောင်မှာပါ။
အချိုပွဲကိုတော့ သွားစားတိုင်း စားချင်တဲ့ဟာမရှိလို့ မကျေနပ်သေးဘူး၊ ထပ်သွားစားဦးမှာ…..






ဈေးနှုန်းတွေက Main Course နဲ့ Drink တစ်ယောက်စာမှ ၁သောင်းစွန်းလောက်ဘဲကျမှာမို့ ဈေးနှုန်းသင့်တင့်တယ်ပြောလို့ရပါတယ်။
မြေထဲပင်လယ်ကို ကိုယ်တိုင်မသွားနိုင်သေးရင် Prime Grill မှာ အစမ်းကြိုစားပြီး အရသာမြည်းကြည့်လို့ရတာပေါ့။
ဆိုင်ဖွင့်ချိန်ကတော့ 10:00 AM – 08:30 PM ပါ
Special Event တွေအတွက် ကြိုဘိုကင်တင်ချင်ရင်
09 262 8080 82 ပါ။
ကိုယ်တိုင်သွား၊ ကိုယ်တိုင်ရိုက်၊ ကိုယ်တိုင်သုံးဆောင်ခဲ့ပြီးအရသာ၊ Service၊ ဆိုင်အပြင်အဆင် ကြိုက်လို့အားလုံးကို သွားစားဖို့ Recommendလုပ်ပါတယ်ရှင်။

Leave a reply to Zin Zar Cancel reply